Blogs

RESOURCES

BLOGS

Work From Home ကာလနဲ့ နေရာမရွေးတဲ့ BAMAWL HR Software လေး

日付

Posted By

共有 :

Facebook
Twitter
LinkedIn

Work From Home လုပ်ရတာမလွယ်ပါဘူး။

ကမ္ဘာ့ကပ်ရောဂါကြီးတစ်ခုဖြစ်တဲ့ COVID-19 ဆိုတဲ့ရောဂါဆိုးကြီးကြောင့်ကမ္ဘာအနှံ့မှာ အလုပ်လုပ်ကြရတဲ့ ပုံစံတွေက ပြောင်းသွားရတာလူတိုင်းအသိပါပဲ။ ကူးစက်မြန်ရောဂါဖြစ်တာကြောင့် လူတွေဟာ နီးနီးကပ်ကပ် အတူတကွအလုပ်ကြဖို့ဆိုတာ မလွယ်ကူနိုင်တော့တဲ့အတွက်ကြောင့် အလုပ်အတော်များများဟာ Work From Home အနေနဲ့ လုပ်ကိုင်လာကြရပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ကိုင်ကြရတာက အခုမှတော့မဟုတ်ပါဘူး။ အရင်ကာလကတည်းက ကုမ္ပဏီအတော်များများဟာ မတူညီတဲ့ ဒေသတွေမှာ လုပ်ငန်းတွေ ဆက်လက်ကြီးထွားလာကြပြီး တိုးချဲ့လာသောကြောင့် Virtual team တွေနဲ့ အလုပ်လုပ်လာကြရပါတယ်။  

ဒါပေမယ့် တစ်ခါတစ်လေမှာတော့ နေ့စဉ်နဲ့အမျှ လူကိုယ်တိုင် မမြင်မတွေ့နိုင်တဲ့ အဖွဲ့တစ်ခုကို စီမံခန့်ခွဲရတာကတော့ အတော်လေး စိန်ခေါ်မှုတွေရှိပြီး ခက်ခဲနိုင်ပါတယ်။ ဒီလို virtual team တစ်ခုကို စီမံခန့်ခွဲတဲ့နေရာမှာ အဓိကစိန်ခေါ်မှုတွေအထဲက တစ်ခုကတော့ ဝန်ထမ်းတွေက အထက်လူကြီးရဲ့ အနည်းဆုံး ကြီးကြပ်မှုအောက်မှာ ကောင်းမွန်စွာအလုပ်လုပ်နိုင်ပြီး မတူညီတဲ့ နည်းပညာအမျိုးအစားတွေနဲ့ လုပ်ဆောင်နိုင်ဖို့ လိုအပ်လာတာပဲဖြစ်ပါတယ်။

နည်းပညာတွေနဲ့အကျွမ်းတဝင်ရှိနေဖို့လိုပါတယ်။

ဝန်ထမ်းတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူအလုပ်လုပ်ကြရတဲ့အခါမှာ အလုပ်ပြီးမြောက်ဖို့ ပိုပြီးကြိုးစားတတ်ကြပါတယ်။ ဒီလိုမျိုး Work From Home ​တွေလုပ်လာကြရတဲ့အခါမှာတော့ ကိုယ့်ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုနဲ့ စွမ်းရည်တွေအပြင် တစ်ဦးနဲ့တစ်ဦး ဘယ်လို အပြန်အလှန်ပြောဆို ဆက်သွယ်ကြမလဲဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားလာကြရပါတယ်။ ထို့အပြင် ဒီလိုမျိုး Work From Home တွေလုပ်ကြတဲ့အခါမှာ နည်းပညာ အမျိုးအစား အမျိုးမျိုးတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံ ရှိနေဖို့လည်း လိုအပ်လာပါသည်။ ကိုယ့်ဝန်ထမ်းတွေက မတူညီတဲ့ နေရာအသီးသီးတွေမှာ ရှိနေကြတာဖြစ်ပေမယ့်လည်း အဆက်အသွယ်မပြတ်ရှိနေစေဖို့ကလည်း လိုအပ်ပါသည်။ ဝန်ထမ်းတွေက ဒီလိုမျိုး အဆင်ပြေပြေ လုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုကြရပါတယ်။ ဖုန်း၊ အီးမေးလ် သို့မဟုတ် ဗီဒီယိုဖုန်းတွေနဲ့ ဆက်သွယ်ကြရပါတယ်။ ဝန်ထမ်းတစ်ဦးက အခြားသောဝန်ထမ်းတွေနဲ့ အမြဲ ချိတ်ဆက်နေနိုင်ဖို့ အတွက် မတူညီတဲ့ နည်းပညာပုံစံတွေကို ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို သိထားကြရမှာဖြစ်ပါတယ်။

ဒီလိုလုပ်ကြတဲ့နေရာမှာ ကိုယ့်ရဲ့ အလုပ်နဲ့ပတ်သက်တဲ့အချက်အလက်တွေ၊ ပရောဂျက်များနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပရိုဂရမ်အမျိုးမျိုးမှာရှိတဲ့ အီလက်ထရွန်နစ်ဖိုင်တွေအနေနဲ့ မကြာခဏ ပေးပို့ကြရပြီး လိုအပ်သလိုတည်းဖြတ်ဖို့နှင့် အပြန်အလှန်ပေးပို့ဖို့အတွက် အဖွဲ့တွေအကြားမှာ မျှဝေကြလေ့ရှိပါတယ်။ တကယ်လို့များ ဝန်ထမ်းတွေက နည်းပညာနဲ့ ပတ်သက်တဲ့ အသိပညာအဆင့်မြင့်မားခြင်း မရှိဘူးဆိုပါက၊ သူတို့အပေါ် များစွာမှီခိုနေရတဲ့ အခြားသူတွေအတွက် အဆင်ပြေအောင် လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ အခုခေတ်မှာ ဝန်ထမ်းတွေအတွက် လက်ရှိ အသိပညာအပြင် ခေတ်မီဆန်းသစ်သော နည်းပညာတွေနဲ့ အဆင်ပြေပြေ အကျွမ်းတဝင်ရှိနေဖို့ လိုအပ်ပါတယ်။

HR တွေအတွက်စိန်ခေါ်မှု

အခုလိုမျိုး Work From Home တွေရဲ့ စိန်ခေါ်မှုတွေအကြားမှာ HR ဝန်ထမ်းတွေအတွက်ကလည်း စိန်ခေါ်မှုတွေက မသေးလှပါဘူး။ ခါတိုင်းလို ဝန်ထမ်းတွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်း မရှိကြတော့တဲ့အတွက် သူတို့ရဲ့ နေ့စဉ် အလုပ်တက်၊ အလုပ်ဆင်း မှတ်တမ်းတွေ ရရှိဖို့၊ သူတို့ရဲ့ ခွင့်ယူတဲ့ မှတ်တမ်းတွေရရှိဖို့တွေဟာလည်း များပြားလှတဲ့ စိန်ခေါ်မှုတွေအထဲက အချို့ ဖြစ်ပါတယ်။ ထို့အပြင် လုပ်ငန်းခွင် နေရာ အတည်တကျမရှိပဲ လုပ်ငန်းခွဲတွေရှိရာ နေရာဒေသတွေကို လှည့်လည်သွားလာ စစ်ဆေးရတဲ့ အချို့သော ဝန်ထမ်းတွေရဲ့ နေ့စဉ် အလုပ်တက်၊ အလုပ်ဆင်း မှတ်တမ်းတွေ ရရှိဖို့၊ သူတို့ရဲ့ ခွင့်ယူတဲ့ မှတ်တမ်းတွေရရှိဖို့တွေဟာလည်း ထို့အတူပဲ ခက်ခဲလှပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအချက်အလက်တွေက လစာတွက်ချက်တဲ့နေရာမှာ အရေးကြီးတဲ့ အချက်အလက်တွေပဲဖြစ်ပါတယ်။ ဒါတွေကို လစာမတွက်ချက်မှီ အချိန်မှီရရှိဖို့က အရေးကြီးလှပါတယ်။ မှန်ကန်တဲ့ အချက်အလက်တွေကို တိတိကျကျနဲ့ အချိန်မှန်ရရှိမှသာ လစာတွေကို မှန်မှန်ကန်ကန် အမှားအယွင်းမရှိတွက်ချက်ပေးနိုင်မှာ ဖြစ်ပါတယ်။

BAMAWL ကကူညီပေးနိုင်ပါတယ်။

အခုပြောခဲ့တဲ့ HR တွေရင်ဆိုင်နေရတဲ့ စိန်ခေါ်တွေကို Brycen Myanmar ရဲ့ HR Software တစ်ခု ဖြစ်တဲ့  BAMAWL HR Software က ဖြေရှင်းပေးနိုင်ပါတယ်။ ဒီ HR Software က အခုလို Work From Home ကာလတွေမှာ ရရှိဖို့ ခက်ခဲ့တဲ့  ဝန်ထမ်းတွေရဲ့ နေ့စဉ် အလုပ်တက်၊ အလုပ်ဆင်း မှတ်တမ်းတွေ ရရှိဖို့၊ သူတို့ရဲ့ ခွင့်ယူတဲ့ မှတ်တမ်းတွေရရှိဖို့ဆိုတာတွေကို ဝန်ထမ်းတွေရဲ့ လက်ကိုင်ဖုန်း ကနေ အလွယ်တကူဆောင်ရွက်လို့ရအောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ ရုံးဌာနတွေမှာ ထားရှိတဲ့ လက်ဗွေစနစ်ရှိရာကို လာစရာမလိုတော့ပဲ ကိုယ်ရောက်ရှိရာ နေရာအသီးသီးကနေပဲ လက်ကိုင်ဖုန်းမှာ ထည့်သွင်းပေးထားတဲ့ application ကနေ မှတ်တမ်းယူလို့ ရသွားစေနိုင်ပါတယ်။ အဲ့ဒီ့  application အထဲမှာ မှတ်သားထားတဲ့ အချိန်တွေကိုလည်း ဝန်ထမ်းကနေ ပြန်လည်ပြင်ဆင်တာမျိုးတွေကို လုပ်လို့မရစေတော့ပါဘူး။ ဒီလိုမျိုး အဆင်ပြေအောင် စီစဉ်ပေးထားမှုတွေ ကြောင့် Brycen Myanmar ရဲ့ BAMAWL HR Software ​ကနေ HR တွေကို  ဝန်ထမ်းလစာတွေအတွက် အဆင်ပြေပြေတွက်ချက်စေနိုင်မယ့် အချက်အလက်တွေကို တိတိကျကျနဲ့ အချိန်မှန်ရရှိလာစေပြီး လစာတွေကို မှန်မှန်ကန်ကန် အမှားအယွင်းမရှိ တွက်ချက်ပေးနိုင်စေပါလိမ့်မယ်။ ဒါကြောင့် နေရာမရွေးတဲ့ BAMAWL HR Software ​လေးလို့ပဲ ပြောပြပေးချင်ပါတယ်။

共有 :

Read More Blogs

サインイン

おかえり!またお会いできて嬉しいです。

サインアップ

会員登録してご参加ください。

Reset Password

Reset Password

Sign in

Welcome back! It’s great to you see you again.

Sing Up

Sign up to join as our member.