ကုမ္ပဏီ
NEWS&EVENTS
ဇူလိုင် ၉ ရက်နေ့တွင် Melia Hotel Yangon တွင် ဝန်ထမ်းများနှင့်တကွ ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသည် ယုံကြည်မှု၊ ညီညွတ်မှုတို့ကို ဂုဏ်ပြုခြင်းနှင့် အနာဂတ်အတွက် ရည်မှန်းချက်မျှဝေခြင်းတို့ကိုဖော်ဆောင်ခဲ့ပြီးBrycen Group ၏ အရှေ့တောင်အာရှဒေသရှိ ရုံးခွဲ(၃)ခု (မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်)အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဖွဲ့စည်းပုံအသစ်ကို မိတ်ဆက်သည့် အရေးပါသောအခမ်းအနားတစ်ခုဖြစ်ခဲ့ပါသည်။ ကုမ္ပဏီ (၃)ခုအင်အားပေါင်းစည်းခြင်းအားဖြင့် Brycen အနေဖြင့် “ပူးပေါင်းဆောင်ရွက်မှုသည် ဆန်းသစ်တီထွင်မှုကို ဖြစ်စေသည်” ဟု ယုံကြည်ပါသည်။ နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ပူးပေါင်းလုပ်ဆောင်ခြင်းမှတဆင့် ပိုမိုတန်ဖိုးရှိသော စီမံကိန်းများကို ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါသည်။* ဒါဟာ အစပဲရှိပါသေးတယ်…အနာဂတ်မှာ စိတ်ဝင်စားစရာတွေစောင့်ကြိုနေဦးမှာပါ။
...
၂၀၁၈ ဇူလိုင်လ ၂၆ရက်နေ့တွင် Brycen Myanmar Co.,Ltd ၏ဝန်ထမ်းများ အချင်းချင်း ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ညစာစားပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဌာနအသီးသီးမှ လက်ရှိလုပ်ကိုင်နေသော ဝန်ထမ်းများအပါအဝင် Internshipအဖြစ် လာရောက် လုပ်ကိုင်နေသော ကျောင်းသားများလည်း အတူတကွ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ပါသည်။ ညစာစားရုံသာမက ဝန်ထမ်းများပိုမိုပျော်ရွှင်စေရန် ရည်ရွယ်ကာ အုပ်စုဖွဲ့၍ ဂိမ်းများကစားပြီး အနိုင်ရရှိသောအသင်း၃သင်းအား ဆုများပေးအပ်ခဲ့ပါသည်။
...ပြန်လည်ကြိုဆိုပါသည်။ ပြန်လည်တွေ့ရတာ ဝမ်းသာပါတယ်။
ကျွန်ုပ်တို့၏ အဖွဲ့ဝင်အဖြစ် စာရင်းသွင်းပါ။
Welcome back! It’s great to you see you again.
Sign up to join as our member.